Monday, April 13, 2020

The Battle: Roar to Victory (2019) မြန်မာစာတန်းထိုး

The Battle: Roar to Victory (2019) မြန်မာစာတန်းထိုး



IMDb မှာ rating 5.4 ရရှိထားသော Action, Drama, History ရုပ်ရှင်လေးကိုတင်ပေးလိုက်ပါတယ်။

ကဲ… ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပြင်မထွက်ရဘဲ အိမ်​ထဲမှာနေနေရတဲ့ ဇာတ်ကားကြိုက် ပရိသတ်လေးတို့အတွက် စိတ်အပန်းပြေစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်… ကိုရီးယားသမိုင်းမှာ အမြဲအမှတ်ရနေရမယ့် အတောက်ပဆုံး အချိန်ကိုပြောပါဆိုရင် လွတ်လပ်ရေးအတွက် ဂျပန်ကိုလိုနီတွေကို​တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ပဲဖြစ်ပါတယ်…ဒီကားလေးကလည်း ထိုကာလကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအဖြစ် နာမည်ကြီးမင်းသားတြွေဖစ်ကြတဲ့ Jang-ha အဖြစ် (Ryu Jun-yeol), Hae-cheol အဖြစ် (Yoo Hae-jin) နဲ့ Byeong-gu အဖြစ် (Jo Woo-jin)တို့က ပါဝင်တင်ဆက်ထားပါတယ်…နယ်မြေကို သိမ်းတဲ့အပြင် ကိုရီးယားပြည်သူတွေကိုပါ မတရားညှင်းပန်းနှိပ်စက်နေတဲ့ ဂျပန်ကိုလိုနီတွေကို တိုက်ထုတ်ဖို့ အတွက် လူတန်းစား အလွှာအစုံက ပြည်သူတွေဟာ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းတြွေဖစ်လာခဲ့ပါတယ် … အဲ့ထဲမှာမှ ဂျပန်ကိုလိုနီတွေရဲ့ မတရားညှင်းပန်းမှုကို မခံနိုင်တော့ပဲ ရွာတစ်စုက ပြည်သူတွေက တော်လှန်ပုန်ကန်ခဲ့ကြပါတယ်… ထိုသို့​တော်လှန်ရာမှာ စနိုက်ပါပစ်ရာမှာ ကျွမ်း​ကျင်တဲ့ လီဂျန်ဟာဆိုတဲ့ အငယ်တန်း တပ်မှူးလေးရယ်၊ ဓားရေးမှာ အလွန်ကျွမ်းကျင်တဲ့ ဟီးချူးရယ်၊ ဓားမြအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့​ဗြောင်ဂူရယ်က တိုက်ပွဲဝင်ရာမှာ အရေးပါတဲ့ခေါင်းဆောင်တြွေဖစ်လာခဲ့ပါတယ်… လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ကိုရီးယားလွတ်လပ်ရေးတိုက်ပွဲဝင်ပြည်သူတွေက ဂျပန်ကိုလိုနီတေ​ရဲ့ ပင်မတပ်ရင်းကြီးကို​ဖြိုခွင်းနိုင်ပါ့မလား သူတို့အောင်မြင်သွားရဲ့လား…ဒါမှမဟုတ် လက်နက်ကျ အညံ့ခံခဲ့ရလား… ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့​ကြည့်ရှု့ရမာပဲဖြစ်ပါတယ်။ ကြည့်ရှုနေရင်းနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဂျပန်ကိုလိုနီတွေကို မုန်းတီးခြင်း၊ အပြစ်မဲ့ ကိုရီယားပြည်သူတွေကို သနားခြင်းနဲ့ အင်အားမမျှသော်လည်း ဇွဲ​လုံးဝမလျှော့ပဲ နောက်ဆုံးချိန်ထိ နိုင်ငံကို အသက်ပေးကာကွယ်သွားတဲ့ မျိုးချစ်လူငယ်လေးတွေကို လေးစားခြင်းစတဲ့ ရသမျိုးစုံကို​ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ လက်မလွတ်ပဲ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ…


DOWNLOAD HD(900MB) 


DOWNLOAD SD(440MB)


0 comments: