Wednesday, April 15, 2020

The Lord of the Rings(2001)စာတန်းထိုး

The Lord of the Rings(2001)စာတန်းထိုး

ဒီကားကတော့ လူကြိုက်များ The Lord of the Ring Trilogy ရဲ့ အစ၊ Middle Earth ကို ရုပ်ရှင် ကြည့်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ နဂိုထဲက ကောင်းပြီးသား ဝတၳုကိုရုပ်ရှင်ပြန်ရိုက်ကြတဲ့အခါ ပရိတ်သတ်တွေ စိတ်ကြိုက်မတွေ့ကြပါဘူး။ Harry Potter လိုကားတောင်မှ တကယ့် စာအုပ်ကို အားပေးတဲ့ပရိတ်သတ်တွေ သိပ်မကြိုက်ကြပါဘူး။ဒါပေမယ့် The Lord of the Rings ဇာတ်ကားတွေကတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံး ဖြစ်အောင်ရိုက်ကူးနိုင်ခဲ့တာကြောင့် ပရိတ်သတ်တွေသာမက ရုပ်ရှင် ဝေဖန်ရေးသမား တွေ ပါချီးကြူးခဲ့ရတဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းအကြောင်း ပြောပြရာမှာ အသေးစိတ်ပြောဖို့ မလွယ်သလို၊ အသေးစိတ်ပြောရင် ဇာတ်လမ်း ရဲ့အဓိကအချက်တွေ ပါကုန်မှာဖြစ်လို့၊ အနည်းငယ်ပဲ တင်ပြမှာဖြစ်ပါတယ်။ဒါပေမယ့် အောက်ကအကြောင်းအရာက ဇာတ်လမ်းမှာ သိကိုသိသင့်တဲ့ အကြောင်းအရာတွေ လည်းဖြစ်ပါတယ်။ အတတ်နိုင်ဆုံး Spoiler မပါအောင်ရေးထားပေးပါတယ်။ ဒီကားမှာတော့The Dark Lord, Sauron ရဲ့ Spirit က တစ်ဖန်ပြန် လည်နိုးထလာပြီး၊ သူရဲ့ လက်စွပ်ကို ပြန်ရှာနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ Bilbo Baggins ကလည်း တစ်ချိန်တုန်းက သူအသုံးပြုခဲ့တဲ့ ကိုယ်ပျောက်လက်စွပ်ကိုသူရဲ့ တူဖြစ်တဲ့ Frodo ကို အမွေပေးခဲ့ပါတယ်။ဒါကို Gandalf က သတိထားမိသွားပါတယ် ဒီလက်စွပ်ဟာ တစ်ချိန်တုန်းက Middle Earth ရဲ့ ရန်သူ Orc တွေရဲ့ခေါင်းဆောင် Sauron ရဲ့ လက်စွပ်ဖြစ်မှန်းသိသွားခဲ့ပြီးSauron က သူ့ရဲ့ တပည့်တွေကို စေလွှတ်ပြီး လိုက်ရှာနေတာကြောင့့် Frodo ကို သူတို့ရဲ့မြို့ကနေ အမြန်ဆုံးထွက်ခွာပြီး Bree ကို အရောက်သွားဖို့ စေလွှတ်လိုက်ပြီး၊ သူကိုယ်တိုင်ကတော့သူ့ရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ Saruman ကိုသွားပြီး တိုင်ပင်ဖို့ ထွက်ခွာခဲ့ပါတယ်။ Frodo နဲ့ သူ့ရဲ့ အပေါင်းအပါတွေဖြစ်တဲ့ Sam, Marry, Pippin တို့က Bree မရောက်ခင်မှာSauron ရဲ့ တပည့်တွေဖြစ်တဲ့ Nazgul (Undead Human Kings) တွေလက်က လက်မလေးတင် လွတ်ခဲ့ပြီး၊ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးဖြစ်လာမယ့် Aragorn နဲ့ ဆုံတွေ့ခဲ့ပြီး၊Nazgul တွေလက်က လွတ်အောင်ပြေးရင်းနဲ့ Rivendell ကိုရောက်သွားခဲ့ပါတယ်။ ဒီလက်စွပ်က သူ့ကိုယ်ပိုင် အစွမ်းရှိသလို Sauron ကိုပဲ သစ္စာရှိပြီး၊ Sauron ထံပြန်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ဒါ့အပြင် ဘယ်သူ့ကိုမဆို ဖမ်းစားနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် Frodo ကတော့ ဒီလက်စွပ်ကို စိတ်ဝင်စားမှုမပြသလို၊ သူ့အပေါ်ကို သိပ်ပြီး သက်ရောက်မှုမရှိတဲ့အတွက်၊ လက်စွပ်ကို Frodo ကိုပဲ ပေးထားပြီး၊ဖျက်ဆီးဖို့ တာဝန်ပေးခဲ့ပါတယ်။ ဒီလက်စွပ်ကို ဘယ်လက်နှက်နဲ့ မှဖျက်စီးလို့ မရပါပဲ လက်စွပ်ကို ပန်းထိမ်လုပ်ခဲ့တဲ့ Mount Doom လို့ခေါ်တဲ့မီးတောင်ထဲကိုပစ်ချမှပဲ ဖျက်ဆီးလို့ရမှာဖြစ်ပါတယ်။ဒီလို သွားရာမှာ Frodo ကိုလမ်းပြဖို့ Gandalf က တာဝန်ယူသလို၊ မင်သား Aragornရယ် Legolas (Elf), Gimli (Dwarf) နဲ့ Boromir (Human) တို့က လိုက်ပါစောင့်လျှောက်ဖို့တာဝန်ယူခဲ့ပါတယ်။ဒါ့အပြင် Frodo ရဲ့ သူငယ်ချင်းသုံးယောက်ကလည်း လိုက်ပါမှာဖြစ်တာကြောင့် 9 members of the Fellowship of The Ring ဆိုပြီး တာဝန်ပေးလိုက်ပါတယ်။ ဒီကနေစလို့ သူတို့ရဲ့ ခရီးစဉ်စတင်မှာဖြစ်ပြီးစိတ်ဝင်စားစရာ Action/Adventure ဇာတ်ကားကောင်း တစ်ကားဖြစ်လာမှာဖြစ်ပါတယ်။ ဒီကားက လူကြီးလူငယ်မရွေးကြည့်နိုင်ပြီး၊ မိသားစုတူတူကြည့်ဖို့လည်းအစဉ်ပြေပါတယ်။ No Sex, No Nudity ဖြစ်ပြီး၊ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ ကြည့်ပြီးသားကိုပြန်ကြည့်ရင်တောင် မရိုးရအောင် ကောင်းတဲ့ကားဖြစ်ပြီး၊ မကြည့်ဖူးသေးဖူးဆိုရင်အခုပဲဒေါင်းပြီးကြည့်ကြ ဖို့တိုက်တွန်းလိုက်ပါတယ်။ အညွှန်းကိုတော့ ချမ်းငြိမ်း မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။


Gdrive 480P(1.2GB)


Gdrive HD(2.6GB)


Gdrive FHD DTS(6.4GB)


0 comments: